Frenzo၊ Myanmar Media 7 နှင့် Ve Ve တို့ အနုပညာလှုပ်ရှားမှု ပူးပေါင်းခြင်း သဘောတူညီမှု စာချုပ် ချုပ်ဆို


အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production ဟာ အနုပညာ နှင့် စီးပွားရေး ဖလှယ်ပူးပေါင်းလှုပ်ရှားမှု  အတွက် Myanmar Media 7၊ Ve Ve တို့ဖြင့် သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို မတ်လ (၆) ရက်နေ့က ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီစာချုပ်အရ Frenzo အဖွဲ့ ရဲ့ ၂၀၁၆ ခုနှစ်အတွင်း အနုပညာလှုပ်ရှားမှုတိုင်းကို Myanmar Media 7 မှ စီးပွားရေး ကြော်ငြာလှုပ်ငန်းများ တာဝန်ယူ ထည့်သွင်းမှာ ဖြစ်ပြီး Ve Ve မှလည်း Sponsor အဖြစ် ကူညီသွားမယ်လို့ သိရပါတယ်။ Sai Sai Birthday Show နဲ့ အတူ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ Snare နှင့် G-fatt တို့ လေးယောက် မြန်မာနိုင်ငံအနှံ လှည့်လည်ဖျော်ဖြေမယ့် Music Tour အစီအစဉ်တွေအတွက် စတင်ပူးပေါင်း လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။










#Sai Sai Kham Leng
#Frenzo Production

No comments:

Entertainment News

[Entertainment][grids]

Behind-the-Scenes

[Behind-the-Scenes][bsummary]

Beauty Contest

[Beauty Contest][twocolumns]